You are here

ဈေးနှုန်းသက်သာတဲ့ Tablet သစ်များအဖြစ် Tab M7 နှင့် Tab M8 တို့ကို Lenovo ကြေညာ

Gadgets
Mobile
Technology

Lenovo ဟာ ဈေးနှုန်းသက်သာတဲ့ Tablet များအဖြစ် Tab M7 နှင့် Tab M8 တို့ကို ကြေညာလာပါတယ်။ Tablet သစ်နှစ်မျိုးလုံးမှာ Lenovo ရဲ့ Kid’s Mode ပါဝင်ပြီး ယင်းစနစ်က ကလေးများအတွက် အထူးဖန်တီးထားတဲ့ စနစ်ဖြစ်ပါတယ်။ Tablet သစ်များက ယခင်ဗားရှင်းများထက် ဒီဇိုင်းပိုင်း ဆွဲဆောင်မှု ပိုရှိလာတာ တွေ့ရသလို LTE ဗားရှင်းနှင့်လည်း ရွေးချယ်နိုင်ပါတယ်။ နှစ်မျိုးလုံးကို လာမယ့် အောက်တိုဘာလမှာ ရောင်းချသွားပါမယ်။

Lenovo Tab M8

Tab M8 မှာ မျက်နှာပြင် ၈ လက်မ IPS LCD သုံးထားပြီး HD ရုပ်ထွက်၊ FHD ရုပ်ထွက်ဆိုပြီး ဗားရှင်းနှစ်မျိုးနှင့် ရွေးချယ်နိုင်ပါတယ်။ Helio A22 Chipset နှင့် အထိုင်ချထားကာ RAM2/3GB ၊ 16/32GB Storage တို့နှင့် ရွေးချယ်နိုင်ပါတယ်။ ရှေ့ကင်မရာ 2MP နှင့် ကျောဘက်ကင်မရာ 5MP ပါဝင်ပါတယ်။

Android 9.0 Pie ပါဝင်ပါတယ်။ ဘက်ထရီ 5000 mAh ပါဝင်ပြီး ဗီဒီယို ကြည့်မှုကို ၁၂ နာရီအထိ လည်းကောင်း၊ Web Browsing လုပ်မှုကို ၁၈ နာရီအထိ လည်းကောင်း လုပ်ဆောင်နိုင်ပါမယ်။ microUSB သုံးထားပြီး နားကြပ်ပေါက်ပါဝင်ပါတယ်။ HD ရုပ်ထွက်ဗားရှင်း ဈေးနှုန်းက ဒေါ်လာ ၁၅၄ ဖြစ်ပြီး FHD ရုပ်ထွက်ဗားရှင်းဈေးနှုန်းက ဒေါ်လာ ၁၇၅ ဖြစ်ပါတယ်။

Lenovo Tab M7

Tab M7 မှာ မျက်နှာပြင် ၇ လက်မ 1024x600 px IPS ရုပ်ထွက်သုံးထားပါတယ်။ ရှေ့ကင်မရာ 2MP နှင့် ကျောဘက်ကင်မရာ 2MP ပါဝင်ပါတယ်။ Wi-Fi ဗားရှင်းမှာ MediaTek MT8321 Chipset ပါဝင်ပြီး LTE ဗားရှင်းမှာ MediaTek MT8765B အသုံးပြုထားပါတယ်။ ဗားရှင်းနှစ်မျိုးလုံးကို RAM1/2GB ၊ Storage 16/32GB တို့နှင့် ရွေးချယ်နိုင်ပါတယ်။ Android Pie (Go Edition) သုံးထားကာ ဘက်ထရီ 3450 mAh ပါဝင်ပါတယ်။  ဈေးနှုန်းက ဒေါ်လာ ၁၀၉ ဖြစ်ပါတယ်။ Iron Grey ၊ Platium Grey ၊ Onyx Black အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။

Related Articles